วันเสาร์ที่ 7 กุมภาพันธ์ พ.ศ. 2558

Hard Drive နှစ်လုံးကို Clone ရိုက်ချင်သူများ အတွက်


ကျွန်တော့်ကို စီဘောက်မှာ အကိုတစ်ယောက် Hard Disk ကို Clone ရိုက်လို့ ရမယ့် Software နဲ့ နည်းလမ်းလေးကို ရေးပေးပါဆိုပြီး တောင်းဆို ထားတာ ရှိပါတယ် .. ကျွန်တော်လည်း မအားလို့ မတင်ပေး ဖြစ်သေးတာပါ .. အခုကျွန်တော် Acronis True Image Home  ကိုအသုံးပြုပြီး Hard Disk နှစ်လုံးကို ဘယ်လို Clone ရိုက်လို့ ရမလည်း ဆိုတာကို ရေးပေးသွား ပါမယ် .. အရင်ဆုံး Hard Disk နှစ်လုံးကို ဘာကြောင့် Clone ရိုက်ရလည်း ဆိုတာကို ကျွန်တော်နားလည် သလောက် ရှင်းပြပေးပါမယ် ..
ကျွန်တော်တို့ အများသောအားဖြင့် ကွန်ပျူတာ Service ပြင်တဲ့ ဆိုင်တွေမှာ နောက်ပြီး အင်တာနက် ဆိုင်တွေမှာ အခုလို Hard Disk နှစ်လုံးကို Clone ရိုက်တဲ့ နည်းလမ်းကို အသုံးပြုတက် ကြပါတယ် .. ကျွန်တော်တို့ အနေနဲ့ ကွန်ပျူတာ သုံးလေးလုံးကို တစ်ပြိုင်ထဲ Windows တင်ဖို့ ရှိတယ်ဆိုရင် ကွန်ပျုတာ တစ်လုံးချင်းကို Windows လိုက်တင်နေရမယ် ဆိုရင် တစ်လုံးချင်း အတွက် အချိန်သီးသန့် ပေးနေရမှာ ဖြစ်သလို လူလည်း ပင်ပန်းပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့ Hard Disk နှစ်လုံးကို Clone ရိုက်လိုက်ခြင်းဖြင့် 5 မိနစ်အတွင်းမှာ Windows တစ်ခုလုံးကို Secondary Hard Disk မှာ တင်ပြီး သားဖြစ်သွားမှာ ဖြစ်ပါတယ် .. ဒါပေမယ့် ဒီလို Hard Disk ကို Clone ရိုက်တဲ့ အခါမှာ Clone ရိုက်လိုက်တဲ့ Hard Disk ကိုတပ်ဆင် အသုံးပြုမဲ့ ကွန်ပျူတာဟာ မူရင်း Hard Disk တပ်ဆင်ထားတဲ့ Computer ရဲ့ Motherboard မျိုးအစားတွေ Chipset တွေ တူဖို့ လိုပါလိမ့်မယ် .. ဒါကတော့ ကျွန်တော်  Hard Disk နှစ်လုံးကို Clone မရိုက်မှီ အကြမ်းမျဉ်း အနေနဲ့ ရှင်းပြပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် Acronis True Image Home  ကို အသုံးပြုပြီး Hard Disk နှစ်လုံးကို ဘယ်လို Clone ရိုက်မလည်း ဆိုတာကိုတော့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..


အရင်ဆုံး  Hard Disk တစ်လုံးကို အရင် Windows တင်လိုက်ပါ .. Windows တင်ပြီးသွားပြီ ဆိုရင်တော့ အဲ့ဒီ Windows တင်ပြီးသား Hard Disk ပေါ်မှာ  Acronis True Image Home  ကို Install လုပ်လိုက်ပါ .. Install လုပ်ပြီးလို့ Serial Key တောင်းတဲ့ အချိန်ကျရင် ကျွန်တော် ထည့်ပေးလိုက်တဲ့ Serial Key လေးကို ထည့်ပေးလိုက်ပါ .. ဒါဆိုရင် Acronis True Image Home  လေးကို Full Version အနေနဲ့ အသုံးပြုလို့ ရသွားပါလိမ့်မယ်. .. Acronis True Image Home  ကို Install လုပ်ပြီး သွားပြီ ဆိုရင် Shut Down ချခိုင်း ပါလိမ့်မယ် .. Shut Down ချပေးလိုက်ပါ .. Shut Down ချပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ Clone ရိုက်မယ့် Hard Disk ကို တပ်ဆင်လိုက်ပါ .. Hard Disk နောက်တစ်လုံးကို တင်ဆင်တဲ့ နေရာမှာ SATA အသုံးပြုသူတွေ အတွက် ပြသနာမရှိပေမယ့်  IDE  Hard Disk တွေအတွက်တော့ Hard Disk နှစ်လုံးကို Ribbon Cable တစ်ကြိုးထဲမှာ ချိတ်ဆက်မယ်ဆိုရင် တစ်လုံးကို Master Setting ထားပြီး တစ်လုံးကို Salve Setting ထားပေးဖို့ လိုပါလိမ့်မယ် .. ဒါပေမယ့် အခုနောက်ပိုင်း Hard Disk တွေကို SATA ကိုသာ အသုံးပြုထားတာ ဖြစ်တဲ့အတွက် ပြသနာ မရှိပါဘူး ..

အားလုံး တပ်ဆင်ပြီးပြီ ဆိုရင်တော့ ကွန်ပျူတာကို ပြန်ပြီး Boot တက်လိုက်ပါ .. Windows ပြန်တက်လာပြီ ဆိုရင်တော့ ကျွန်တော်တို့ စောစောက Install လုပ်ထားတဲ့ Acronis True Image Home  ကို Run လိုက်ပါ .. ပြီးရင် ဆက်လုပ်ရမယ့် အဆင့်လေးတွေ ကိုတော့ အောက်မှာ  ပုံလေးတွေနဲ့ ပြပေးထားပါတယ် ..
ကျွန်တော်တို့က Hard Disk နှစ်လုံးကို Clone ရိုက်ချင်တာ ဖြစ်တဲ့ အတွက် Clone Disk ကိုရွေးပေး လိုက်ပါ ..

အောက်က ပုံအတိုင်း Source Disk မှာ မိမိတို့  Windows တင်ထားတဲ့ မူလ  Hard Drive ကိုရွေးပေးလိုက်ပါ ..


နောက်တစ်ဆင့်မှာတော့ ကျွန်တော်တို့ အနေနဲ့  Destration Disk ကိုရွေးပေး ရမှာ ဖြစ်ပါတယ် .. အဲ့ဒီ Destration Disk ကိုတော့ ကျွန်တော်တို့  Clone ရိုက်ချင်တဲ့ Secondry Hard Disk ကိုရွေးပေးရမှာ ဖြစ်ပါတယ် ..  ပြီးသွား ပြီဆိုရင်တော့  Next  ကိုဆက်ပေးလိုက်ပါ ..

 အောက်က ပုံအတိုင်း  Clone ရိုက်မဲ့ Hard Disk ထဲမှာ Data တွေကို ဖျက်မှာလားလို့ မေးပါလိမ့်မယ် .. OK ပေးလိုက်ပါ

အောက်ကပုံအတိုင်း Restart ချခိုင်း ပါလိမ့်မယ် ။ Restart ချပေးလိုက်ပါ ..
အောက် ပုံအတိုင်း  Shut down ချခိုင်းပြီ ဆိုရင်တော့ Keyboard မှ Key တစ်ခုကို နှိပ်ပြီး Shutdown ချပေးလိုက်ပါ ..  ဒါဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ Hard Disk နှစ်လုံးကို Clone ရိုက်ခြင်း လုပ်ငန်း ပြီးဆုံးသွားပါပြီ ..
ဒီလောက်ဆိုရင်တော့ အားလုံးပဲ အဆင်ပြေမယ်လို  Acronis True Image Home   ကိုတော့ အောက်မှာ နှစ်ပိုင်းခွဲပြီး တင်ပေးလိုက်ပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ ..


Only KeyCrack


ဒီပို့စ်လေးကို  PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းလော့ချသွားလိုက်ပါ ..
Ziddu Mediafire



0 ความคิดเห็น:

แสดงความคิดเห็น